Special deal in January Leave a Comment / Chef's Speciality, Main, Offers / By root စားသုံးသူမိတ်ဆွေများအားလုံး နှစ်သစ်မင်္ဂလာပါရှင့်။ အလှူအတန်း၊ မွေးနေ့ နှင့် မင်္ဂလာပွဲများကို New Normal Style လေးနဲ့ လုပ်ချင်တယ်ဆိုရင်တော့ #သူဌေးမင်းဒံပေါက်မှ တာဝန်ယူပါရစေရှင့်။ အရသာကောင်းမွန်မှု့၊ သန့်ရှင်းသပ်ရပ်မှု့နှင့် ထုပ်ပိုးမှု့စနစ်ကျတဲ့ သူဌေးမင်းဒံပေါက်နှင့် ထောပတ်ထမင်းကို မိတ်ဆွေတို့ပို့ပေးစေချင်တဲ့နေရာများသို့ တိကျသေချာစွာနှင့် ပို့ဆောင်ပေးနေပါပြီရှင့်။ #သူဌေးမင်းဒံပေါက်ကြောင့် လက်ဆောင်ပို့ပေးတဲ့အလှူရှင်လည်း မျက်နှာပွင့်၊ မိတ်ဆွေသူငယ်ချင်းများလည်း အရသာရှိပြီး သန့်ရှင်းသပ်ရပ်တဲ့ နေ့လည်စာကိုစားရမှာအသေအချာပါပဲရှင်။ သူဌေးမင်းဒံပေါက်ကို အားပေးကြသော မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး စီးပွါးဥစ္စာများ ဒီရေအလားတိုးတတ်ကြပါစေရှင့်။ ရွှေဘိုပေါ်ဆန်း ဒံပေါက် ၁ပွဲ – ၈၅၀၀ ကျပ် အသဲအမြစ်ဒံပေါက် ၁ ပွဲ – ၇၅၀၀ ကျပ် သတ်သတ်လွတ်သီးစုံ ဒံပေါက် ၁ ပွဲ – ၇၀၀၀ ကျပ် ဒံပေါက် လိုက်ပွဲ – ၄၀၀၀ ကျပ် ထောပတ်ထမင်း နှင့် ကြက်သားဟင်း- ၉၅၀၀ ကျပ် အိမ်အရောက် delivery လည်းရှိပါတယ်။ ပို့ဆောင်ခကတော့ မြို့နယ်အလိုက်ပေးရပါမယ်ရှင်။ အိမ်မှာလာယူချင်တယ်ဆိုလည်းရပါတယ်နော်။ အောက်ကလိပ်စာမှာလာယူနိုင်ပါတယ်ရှင့်။ အမှတ် ၃၈၊ ရွှေတောင်ကြားလမ်း၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ဗဟန်း၊ရန်ကုန်။ ရွှေတောင်ကြား Marketplace ဘေး ရွှေတောင်ကြားလမ်းထဲတွင် လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်။ ဖုန်း – 09 797 363636